စနေ, 05 မတ် 2011
ဒီကနေ့ ရုရှားနိုင်ငံအနောက်ဘက်၊ မော်စကိုမြို့တော်ရဲ့ တောင်ဘက် မိုင် ၃၇၀ အကွာမှာရှိတဲ့ Belgorod ဒေသမှာ Antonov-An148 အမျိုးအစား ရုရှားလုပ် အမောင်းသင်လေယာဉ် ပျက်ကျသွားပြီးတော့ လေယာဉ်ဝန်ထမ်း ၄ ဦးနဲ့အတူ လေယာဉ်အမောင်းသင်နေသူ မြန်မာနိုင်ငံသား ၂ ဦး၊ အား လုံး ၆ ဦးသေဆုံးသွားခဲ့တယ်လို့ မော်စကိုမြို့တော်က ရုရှားနိုင်ငံရဲ့ အရေးပေါ်အခြေအနေများ ကိုင်တွယ်ဖြေရှင်းရေး ၀န်ကြီဌာနက ပြောကြားလိုက် ကြောင်း ရုရှားအစိုးရ Itar-Tassသတင်းမှာ ဖော်ပြထားပါတယ်။
ဒီလေယာဉ်တွေ ထုတ်လုပ်ရာစက်ရုံကလည်း အခုပျက်ကျသွားတဲ့ Antonov-An148 အမျိုးအစား လေယာဉ်တွေကို မြန်မာနိုင်ငံကို တင်ပို့ဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မော်စကိုမြို့တော်က မြန်မာသံရုံးကတော့ ဒီလေယာဉ် ပျက်ကျပြီး မြန်မာနှစ်ဦး သေဆုံးသွားတဲ့သတင်းကို သူတို့ မရရှိဘူးလို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Print this post
No comments:
Post a Comment