Saturday, February 19, 2011

သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ

19 Feb 2011
နေ့သစ်

အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။
ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ် ပြည်ကအိမ်ကို ၀ယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ပါက ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။
နေပြည်တော်ရှိ သူရဲ့ အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ် ပြည်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်။ နေပြည် တော်က သူအိမ်ကို မောင့်ပလဲစန့် (Mt. Pleasant ) လို့ သူတို့ စကားဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ် ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။ ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့ တည် ဆောက်ခဲ့ပြီး ဥရောပက အကောင်းဆုံး ပရိဘောဂတွေကို တပ်ဆင်အသုံး ပြုခဲ့တဲ့အတွက် သန်း ၇၀ လောက် ကုန်ခဲ့တယ်လို့ သိရတယ်။
စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း ဖယိုဖရဲ အကွဲကွဲ အပြားပြားနဲ့ ရှုတ်ထွေးနေတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိတာ တွေ့ရှိနေရပါတယ်။

Print this post

No comments:

Post a Comment