Thursday, February 17, 2011

ထိုင်း-ကမ္ဗောဒီးယား နယ်စပ်ပြဿနာနဲ့ အာဆီယံအခန်းကဏ္ဍ


ထိုင်းနိုင်ငံနဲ့ကမ္ဗောဒီးယားနိုင်ငံအကြား ဖြစ်နေတဲ့နယ်စပ်ပဋိပက္ခတွေဟာ အခုထိ အပြီးသတ်ဖို့ ဝေးနေတုန်းပါပဲ။ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက နောက်အပတ် ဂျကာတာမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ဆွေးနွေးဖြေရှင်းကြဖို့ ပြောနေတုန်းမှာပဲ မနေ့က ပရားဝိဟန်ဘုရားကျောင်းနားမှာ နောက်ထပ်တိုက်ပွဲတခု ဖြစ်ခဲ့ပါ တယ်။ 

မနေ့ အစောပိုင်းက နှစ်ဖက်စစ်သားတွေ လက်နက်ငယ်တွေနဲ့ပစ်ခတ်လို့ ထိုင်းစစ်သားတယောက် ဒဏ်ရာရခဲ့ တယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဆန်ဆဲန်းက ပြောပါတယ်။ ကမ္ဗောဒီးယားစစ်သားတွေက ထိုင်းဖက်ကို လက်ပစ်ဗုံး တွေနဲ့လှမ်းပစ်တယ်လို့ သူက ပြောပါတယ်။ ကုလလုံခြုံရေးကောင်းစီက ၂ ဖက်စလုံး ထာဝရအပစ်ရပ်ဖို့ တောင်းဆိုအ ပြီး နာရီပိုင်းလေးမှာတင် နယ်စပ်တိုက်ပွဲ ပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဗောဒီးယားဘက်ကတောင်းဆိုတဲ့အတိုင်း ပဋိပက္ခအဆုံးသတ်ရေး အဖြေရှာဖို့ နယူးယောက်မှာ တနင်္လာနေ့က နယ် စပ်ပြဿနာနဲ့ပတ်သက်တဲ့အစည်းအဝေးတခုကို လုံခြုံရေးကောင်စီက ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အစည်းဝေးအပြီး သ တင်းစာရှင်းလင်းပွဲတခုမှာ ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌ မာရီယာလွီဇာရီဘေးရိုးက “အခြေအနေတွေ ပိုဆိုးစေမယ့် လုပ်ဆောင်မှုမျိုးတွေကို ရှောင်ရှားဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို နှစ်ဖက်စလုံးကို တောင်းဆိုပါတယ်” လို့ ပြောပါ တယ်။ “ထာဝရအပစ်ရပ်စဲရေးကို တည်ဆောက်ဖို့၊ ထိရောက်တဲ့တွေ့ဆုံဆွေးနွေးမှုကတဆင့် အခြေအနေတွေကို ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းကြဖို့ နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ပါတယ်” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ်ပီရွမ်နဲ့ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီး ဟောနမ်ဟုန်တို့ဟာ လောလောဆယ် ဆယ် အာဆီယံဥက္ကဋ္ဌဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါနဲ့ အတူ အစည်းအဝေးမှာ ရှိနေ ကြပါတယ်။ လာမယ့်ဖေဖေါ်ဝါရီ ၂၂ရက်မှာ ကျင်းပမယ့် အာဆီယံဖော်ရမ်မှာလည်း ဒီကိစ္စကို ထပ်မံဆွေးနွေးမှာ ဖြစ် တယ်။ လို့ ကဆစ်က ပြောပါတယ်။ ကမ္ဗောဒီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ စေ့စပ်ဆွေးနွေးဖို့ ကြားခံအဖွဲ့တခု လို တယ်လို့ ပြောပါတယ်။
ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာ နယ်စပ်ပူးတွဲကော်မတီ အစည်းအဝေး ကျင်းပဖို့ ကဆစ်က အဆိုပြုခဲ့ပါတယ်။ “တကယ် လို့ ကမ္ဗောဒီးယားဖက်က လက်မခံဘူးဆိုရင် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်တာပဲ ဖြစ်ပါမယ်” လို့ သူက ပြောပါတယ်။
“အာဆီယံပါလာလို့ ပဋိပက္ခကို နှစ်ဖက်တွေ့ဆုံဖြေရှင်းတဲ့လမ်းကြောင်းပေါ် ရောက်သွားပီလို့ မပြောနိုင်ပါဘူး၊ ပြဿနာ က အာဆီယံက ဘယ်လောက်ထိ ပါနိုင်မှာလဲ” လို့ ကုလဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီးဟောင်း ဒွန်က ဆိုပါတယ်။ ထိုင်းက ကြားခံအဖွဲ့တခုမလိုဘူးလို့ပြောနေချိန်မှာ ကမ္ဗောဒီးယားက ကြားခံအဖွဲ့တခု ပါဖို့လိုတယ်လို့ အပြင်းအထန် ပြောနေတယ်လို့ သူကပြောပါတယ်။ ကုလလုံခြုံရေးကောင်းစီကတော့ နှစ်ဖက်ပြဿနာတွေအဆုံးသတ်ဖို့ အာဆီယံရဲ့ ဒေသဆိုင်ရာယန္တရားတခုကို အသုံးချတာကို ကြိုဆိုလိုက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေမှာ အာဆီယံရဲ့ တက်တက်ကြွကြွ အားထုတ်မှုကို ထောက်ခံကြောင်း ပြောဆိုပါတယ်။ အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အခန်းကတော့ မရှင်းမလင်း ဖြစ်နေတုန်းပါ။
အငြင်းပွားမှုဖြစ်နေတဲ့အဖွဲ့ဝင် နိုင်ငံတွေဟာ အငြင်းပွားမှုတွေကိုဖြေရှင်းဖို့ အပြန်အလှန် အကျိုးဖြစ်စေမယ့်နည်းလမ်း တွေ၊ စေ့စပ်ကျေအေးတာ ဒါမှမဟုတ်  ကြားဝင်ဖြန်ဖြေတာတွေကို အသုံးချဖို့၊ သဘော တူပါမယ်လို့ အာဆီယံပဋိညာဉ် ပုဒ်မ၂၂-၂၅ မှာ ဖော်ပြထားပါတယ်။

Print this post

No comments:

Post a Comment