Saturday, October 16, 2010

Megi တိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်ကို ဖြတ်သန်း တိုက်ခတ်မည်

စနေ, 16 အောက်တိုဘာ 2010
ဓာတ်ပုံ ASSOCIATED PRESS

မက်ဂီ တိုင်ဖွန်းမုန်တိုင်း မတိုက်ခတ်ခံရမှီ ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြသည့် မနီလာမြို့က ကယ်ဆယ်ရေး လုပ်သားတချို့ (အောက်တိုဘာ ၁၆၊ ၂၀၁၀)


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက် တိုက်ခတ်လာမယ့် Megi မုန်တိုင်းဒဏ် ခံနိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ ပြင်ဆင်နေကြပါတယ်။ တစ်နာရီ ၁၁၅ မိုင် လေတိုက်နှုန်းနဲ့ မုန်တိုင်းဟာ အင်အား ပိုကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံ ထိပ်ဖျားက Luzon ကျွန်းဆီ ဦးတည် လာနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက စနေနေ့က ပြောပါတယ်။ တနင်္လာနေ့မှာ မုန်တိုင်း ဝင်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

စနေနေ့ညက Luzon ကမ်းရိုးတမ်း အရှေ့ပိုင်းမိုင် ၅၀၀ အကွာလောက်မှာ ရောက်နေတဲ့ မုန်တိုင်းနဲ့ ပါတ်သက်တဲ့ ဖြစ်ပေါ်တိုးတက်မှုကို နာရီတိုင်းအသိပေးဖို့ သမ္မတ ဘနီဂို အကွီနို (Benigno Aquino) က အမိန့်ပေးထားပါတယ်။ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းတွေကို အသင့်ပြင်ထားဖို့ ပိုစတာကြီးတွေကို ဖြုတ်ချထားဖို့လည်း သမ္မတက အမိန့်ထုတ်ထားပါတယ်။

လက်ရှိမှာ အဆင့် ၃ သတ်မှတ်ထားတဲ့ မုန်တိုင်းဟာ တနင်္ဂနွေနေ့ကျရင် အဆင့် ၄ အထိ အင်အားပြင်ပြီး တနာရီ ၁၃၄ မိုင်နှုန်းကျော် လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။ အရင်တခါ လူ ၁၀၀ ကျော်သေဆုံးခဲ့တဲ့ တိုင်ဖွန်း မုန်တိုင်း မနီလာမြို့တော်ကို ဝင်ရောက်တိုက်ခတ်စဉ်က မိုးလေဝသကို မှားယွင်းခန့်မှန်းတယ် ဆိုပြီး မိုးလေဝသဌာန အကြီးအကဲကို ဇူလိုင်လက သမ္မတ အကွီနို က အလုပ်ဖြုတ်ခဲ့ပါတယ်။

Print this post

No comments:

Post a Comment