Wednesday, October 27, 2010
ပရိသတ်များ စိတ်ဝင်စားမယ့် သတင်းတပုဒ်ကို ဖော်ပြပါဦးမယ်။ အာဏာရှင် ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု သတင်းပါပဲ။စက်တင်ဘာလ အစောပိုင်း တရုတ်ပြည် ခရီးစဉ်မှာ ဦးသန်းရွှေက ရှိရှိသမျှ မိသားစု ဆွေမျိုး တပြုံတမကြီးကို ခေါ်သွားလို့ ဧရာဝတီကတောင် နိုင်ငံတော် ခရီးစဉ်တွင် မိသားစုကို ဗိုလ်ချုပ်မှူးကြီး ရှေ့တန်းတင် ဆိုပြီး သတင်း ရေးယူရတဲ့ အထိပါပဲ။
အခုရရှိတဲ့ သတင်းတရပ်ကတော့ တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဦးသန်းရွှေ မိသားစုက အိမ် ၄ လုံး ဝယ်ပါတယ်တဲ့၊ အမေရိကန် ဒေါ်လာ သန်း ၅၀ ကုန်ကျတယ်လို့လည်း သိရပါတယ်။အဲဒီဝယ်ထားတဲ့ အိမ်တွေကို မိသားစုကို တပါတည်း ခရီးစဉ်မှာ ပြတယ်လို့ သိရပါတယ်။ ဦးသန်းရွှေ မိသားစုဟာ တရုတ်နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါဖြင့် အဓိပ္ပာယ်က အခြေအနေ မကောင်းရင် ဖြစ်ဖြစ်၊ အာဏာ လက်လွတ်ရင် ဖြစ်ဖြစ် တရုတ်ပြည်မှာ သွားနေဖို့ ပြင်ထားတဲ့ သဘောလားဆိုတာကတော့ စာဖတ်သူများပဲ အတွေးနယ် ချဲ့ကြပါကုန်။
(ဓာတ်ပုံ - Reuters)
ဧရာဝတီ ဘလော့ဂ် မှ ပြန်လည် ကူးယူဖေါ်ပြအပ်ပါသည်။
Wednesday, October 27, 2010
အိမ် ၄ လုံး၊ ဒေါ်လာ သန်း ၅၀ နှင့် ရွှေကြိုင် မိသားစု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment