Wednesday, 20 October 2010 17:54 မွေခေါဝ်
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့အ၀င်/ အထွက်ဂိတ်၌ ကင်းစောင့်နေသော နအဖတပ်သားက အပြစ်မရှိကျေးလက် ရွာသားများအား အကြောင်းမဲ့ရိုက်နှက်နေကြောင်း စုံစမ်းသိရှိရပါသည်။
“လွတ်ခိုက်ကျေးရွာအုပ်စုက စိုင်းယန္နပေါ့။ ပါးမှာလက်သီးနဲ့လေးချက်အထိုးခံရပြီး ဗိုက်မှာခြေထောက်နဲ့တစ်ချက် ကန်တာ ခံရတယ်” ဟု မိုင်းရယ်ကုန်သည်တစ်ဦးကပြောပါသည်။
အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁၂း၀၀ နာရီ ရွာသားနှစ်ဦး မော်တော်ဆိုင်ကယ်ဖြင့် မိုင်းရယ်-၀မ့်ဇန့်-စိန်ကျော့ သွား လမ်း မိုင်းရယ်မြို့အ၀င်ဂိတ်ဖြတ်သွားစဉ်ရပ်ခိုင်းရာ ဆိုင်ကယ်ရပ်ရန်နေရာမဟုတ်ဟုပြောဆိုကာ ရိုက်နှက် ကြောင်း ၎င်းကဆက်လက်ပြောပါသည်။
“အသက် ၅၀ ကျော် သျှမ်းဗမာကပြားဗိုလ်အိုက်ဆရာလေ။ သူ ဒီဂိတ်မှာလာစောင့်ကတည်းက ရွာသားတွေကို ရိုက်နှက်တာ ၁၀ ယောက်ကျော်ရှိပြီ။ သူနှိပ်စက်ချင်ရင်တော့ ဘာမှမမေးဘူး။ ထိုးနှက်တော့တာဘဲ” ဟု တန့်ယန်း ရောက် မိုင်းရယ်သား တစ်ဦးကပြောပါသည်။
အဆိုပါဂိတ်၌ နအဖတပ်နှင့် အပစ်ရပ် SSA မြောက်ပိုင်းအကြား စစ်ပွဲဖြစ်ပွါးပြီးနောက် စစ်ဆေးရေးတင်းကြပ်လျက် ရှိကြောင်းကို ၎င်းကဤကဲ့သို့ဆက်ပြောပါသည်။
“မိုင်းရယ်ကိုဝင်ထွက်ချင်ရင် ရပ်ရွာအကြီးအကဲထောက်ခံစာယူလာရတယ်။ ဂိတ်မှာစောင့်တဲ့နအဖတပ်ကို မှတ်ပုံတင်ရှိတဲ့ သူဆို ၅၀၀ ကျပ်၊ မရှိတဲ့သူတွေဆို ၁၀၀၀ ကျပ်ပေးရတယ်။ မှတ်ပုံတင်ရှိရှိ မရှိရှိ ပိုက်ဆံပေးနေရတယ်”
တဖက်၌လည်း မိုင်းရယ်မြို့ခြံစည်းရိုးခတ်ရန် ရွာသူရွာသားများထံမှ နှစ်ဖက်ချွန်ဝါးများဆင့်ဆိုထားကြောင်း၊ ရွာသူရွာသား များအား မိုင်းရယ်-၀မ့်ဇန့်-စိန်ကျော့ကားလမ်းဘေးတဖက်စီပေ ၅၀ အကျယ် ချုံပုတ်များရှင်းလင်းခိုင်းကြောင်း သိရှိရပါ သည်။
Wednesday, October 20, 2010
ကင်းစောင့်နအဖတပ်သားကအပြစ်မဲ့ရွာသားအားရိုက်နှက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment