Sunday, July 25, 2010

အမေရိကန် - တောင်ကိုရီးယားပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

Khin Soe Win စနေ, 24 ဇူလိုင် 2010


ဓာတ်ပုံ ASSOCIATED PRESS
ဂျပန်ပင်လယ်ပြင်တွင်း အမေရိကန်နဲ့တောင်ကိုရီးယား ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်ဖို့ ပြင်ဆင်နေကြစဉ်၊ ဇူလိုင် ၂၄၊ ၂၀၁၀



အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်ဆိုရင် မြင့်မြတ်တဲ့ စစ်ပွဲဆင်နွဲမယ်လို့ နျူကလီယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားက စနေနေ့က ခြိမ်းခြောက်ထားတဲ့ ကြားကပဲ တနင်္ဂနွေနေ့မှာတော့ စီစဉ်ထားတဲ့အတိုင်း အမေရိကန်နဲ့ တောင် ကိုရီးယားတို့ရဲ့ ရေတပ်လေ့ကျင့်မှုကို ဂျပန်ပင်လယ်ပြင်ထဲမှာ စတင်ခဲ့ပါတယ်။

မချိုးနှိမ်နိုင်တဲ့ စိတ်ဓါတ် ‘‘Invincible Spirit” လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယား တပ်သား ၈၀၀၀ နဲ့ ဗုဒ္ဓဟူးနေ့အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုအတွက် စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘော အစင်း ၂၀၊ နျူကလီယားစွမ်းအင်သုံး အမေရိကန်လေယာဉ်တင်သင်္ဘော USS George Washington အပါအ၀င် လေယာဉ်အစင်း ၂၀၀ ပါဝင်လေ့ကျင့် ကြတာဖြစ်ပါတယ်။

ဒီလေ့ကျင့်မှုဟာ မတ်လထဲ တောင်ကိုရီးယား စစ်သင်္ဘော ချိုနန် နစ်မြုပ်ပြီး သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရတဲ့နောက် မြောက်ကိုရီးယားကို ခြိမ်းခြောက်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ချိုနန်သင်္ဘောကို မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတကာစုံစမ်းမှု တွေက တွေ့ရှိခဲ့ပေမဲ့ မြောက်ကိုရီးယားကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေကတော့ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်းစေဖို့ အတွက် ဒီလေ့ကျင့်မှုကနေ ပြတ်သားတဲ့ အချက်ပေးတာမျိုးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

Print this post

No comments:

Post a Comment