Wednesday, July 7, 2010

ရန်ကုန် နှင့် ပဲခူး တွင် စစ်အာဏာရှင်စနစ် ဆန့် ကျင် ရေး လှုံဆော်စာများ ဝေငှ

07 Jul 2010
Freedom News Group

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ၊ ကမ္ဘာ အေးစေတီ လမ်း နှင့် မြို့ ထဲ တ၀ိုက် တွင် ကျောင်းသား သမဂ္ဂ
ပေါ်ပေါက်ရေး လှုံဆော်စာများ နှင့် စစ်အာဏာရှင် စနစ် ဆန့် ကျင် ရေး စာများ ကို ဝေငှ သွားသည် ဟု
ကမာရွတ် လှည်းတန်း တွင် နေထိုင်သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

ယနေ့ မနက် ၁၁ နာရီခန့် က ရန်ကုန် မြို့ တွင်း နေရာ အချို ဉ် အာဏာရှင်ဆန့် ကျင်ရေး စာရွက်စာတမ်း
များ ဝေငှခဲ့ကြခြင်း ဖြစ်သည် ။ လှည်းတန်း ဈေး အနီး တွင် နေ ထိုင်သူ တစ်ဦးက “ဒီမနက် ရွှေ ခြင်္သေ့မှာ
ညက ဘော လုံး ပွဲ အကြောင်း ဆွေးနွေး ကြတာ လေ .ခဏနေ တော့ လူငယ်လေး တွေ က စာတွေကို
ကား လမ်း တစ်လျှောက် လိုက်ဝေပြီး စံရိပ် ငြိမ် ဘက် ကို ထွက် သွား ကြတာ အုပ် စု လိုက်ပဲ ဟု ထိုသူက
ပြောသည်။

ရန်ကုန် မြို့ လယ် တစ် ၀ိုက် တွင် လှုံဆော်စာ များ ဝှေငှ သွား ရာ ဉ် ထိုစာ များတွင် ကျောင်းသား သမဂ္ဂ
ပေါ်ပေါက်ရေး ၊ အတု အယောင် ရွေးကောက် ပွဲ ဆန့် ကျင်ရေး နှင့် စစ်အာဏာရှင် စနစ် ဆန့် ကျင်ရေး
တို့ ကို ဖော် ပြထားသည်။

ယုဇန ပလာ ဇာ အနီး ဖြန့် ဝေခဲ့သည့် စာ များ တွင် မူ ၁၉၇၂ ခုနှစ် ဇူလိုင် လ ရ ရက် နေ့ ဗိုလ်ချုပ်နေ၀င်း
အစိုး မှ ဖြိုချခဲ့သည့် ကျောင်းသား သမဂ္ဂ အဆောက် အဦ အား ပြန်လည် တည် ဆောက်ပေးရန် နှင့် 7 July
သမိုင်း ကြောင်း တို့ ပါရှိ သည် ဟု သိရသည်။

ပဲခူးမြို့ ဉ် လည်း ယနေ့ မနက် ၁၂ နာရီ ခန့် က အလား တူ စစ်အစိုး ရ ဆန့် ကျင်ရေး စာ များ ဝေငှသွား
သည်။

ယခင် လ ကလည်း အခြေခံပညာ ကျောင်းသား များ မှ ကျောင်းတွင်းငွေ ကြေး မတရား ကောက်ခံ
နေမှု များ အတွက် လှုံဆော်စာ များ ဝေငှသွား ခဲ့ သည်။
နောက် ဆုံးကြား သည့် ရသည့် သတင်းများ အရ စာ ရွက် များ ဝှေငှ သွားသည့် နေရာများ တွင် ရဲ၊ကြံဖွတ်
နှင့် အရပ်ဝတ် လုံခြုံရေး များ ချထား သည် ဟု သတင်းရရှိသည်။
ယနေ့ သည် ရန်ကုန် တက္ကသိုလ် ၀င်းထဲ ရှိ တကသ အဆောက် အဦ အား ဖြိုချခဲ့သည့် နှစ်ပတ်လည်
နေ့  လည်း ဖြစ်သည်။

Print this post

No comments:

Post a Comment