Saturday, June 19, 2010

တရုတ်ပြည်ရေကြီး လူ သန်းချီ ဒုက္ခရောက်

စနေ, 19 ဇွန် 2010

ဓာတ်ပုံ ASSOCIATED PRESS

တရုတ်နိုင်ငံတောင်ပိုင်း Wuzhou တွင် ရေကြီးနေပုံ (ဇွန်လ ၉၊ ၂၀၁၀)

တရုတ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးတဲ့အတွက် သေဆုံးသူ အရေအတွက် ၉၀ လောက် ရှိသွားပြီဖြစ်ပြီး လူ ၁ သန်းကျော်ကို ရွှေ့ပြောင်း ကယ်ထုတ်ခဲ့ရတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

တနင်္ဂနွေနေ့ကတည်းက မိုးကြီးရွာသွန်းတာကြောင့် တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပုလဲမြစ်အပါအ၀င် မြစ်တွေ အတော်များများမှာ ရေကြီးခဲ့တာပါ။

ရေကြီးလို့ သေဆုံးရသူတွေထဲမှာ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်မှာ သောကြာနေ့က မြေပြိုတာကြောင့် လူ ၃၀ ထက်မနည်း သေဆုံးသွားတာလဲ ပါဝင်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ပြောကြပါတယ်။

ပြင်းထန်တဲ့မုန်တိုင်းဒဏ်ကြောင့် တရုတ်တောင်ပိုင်းတလျှောက်က ရေလှောင်ကန်တွေ ပေါက်ထွက် ပျက်စီးကုန်ပြီး အိုးအိမ် အဆောက်အဦးတွေလဲ ပျက်စီးခဲ့ရပါတယ်။

အဲဒီဒေသမှာ မုန်တိုင်းမိုး ဆက်ပြီး ရွာသွန်းနေလိမ့်ဦးမယ်လို့ တရုတ် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ဒီကနေ့ စနေနေ့မှာ သတိပေးထားပါတယ်။
နားဆင်ရန်

Print this post

No comments:

Post a Comment